ကမ္ဘာကြီးသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ COVID-19 ဟုလူသိများသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါသစ်သည် လူအများအပြား၏ အသက်အန္တရာယ်ကို ထိခိုက်ဆုံးရှုံးစေနေသလို ကမ္ဘာ့စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်ပျက်စီးစေပါသည်။
ဝမ်းနည်းစရာမှာ ဤသို့သော ကူးစက်ကပ်ရောဂါမျိုး ဖြစ်လာနိုင်ကြောင်းကို ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူများက နှစ်ပေါင်းများစွာကပင် ကြိုတင်သတိပေးခဲ့ပြီး ဖြစ်သည်။ မည်သည့်အချိန်တွင် မည်သို့ရောက်ရှိလာမည်ကို ကျွန်ုပ်တို့မသိခဲ့သော်လည်း ထိုသို့ဖြစ်လာနိုင်ကြောင်းနှင့် တိရိစ္ဆာန်များထံမှ ပိုးမွှားများ လူတို့ထံကူးစက်ရာမှ ဖြစ်လာသော တိရစ္ဆာန်မှ လူသို့ကူးသည့် ရောဂါမျိုး ပျံ့နှံ့ကူးစက်လိမ့်မည်ကို ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါသည်။ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်မဆိုင်ရမီ ကျွန်ုပ်တို့အနေဖြင့် ကြိုတင်ကာကွယ်နိုင်ခဲ့ ကြိုတင်ပြင်ဆင်ထားခဲ့ သင့်ပါသည်။
အနာဂတ် ကပ်ရောဂါဖြစ်နိုင်ချေကို အထူးလျှော့ချနိုင်ရန် မည်သည်တို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိပါသည်။ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုသည် ကျွန်ုပ်တို့ တစ်ကမ္ဘာလုံးအပေါ် အန္တရာယ်ကျရောက်စေနိုင်မှုမှာ ပို၍ သိသာထင်ရှားလာပါသည်။ အမျိုးမျိုးသော တောရိုင်းတိရစ္ဆာန် မျိုးစိတ်များကို မသန့်ရှင်းသောအခြေအနေများတွင် အတူတကွသိုလှောင်ကာ ရောင်းချလေ့ရှိသည့် ဈေးများမှာ လူအများအတွက် အန္တရာယ်ရှိသော ဗိုင်းရပ်စ်များ ပေါ်ထွက်ရာ အဓိကနေရာများ ဖြစ်ပါသည်။
ကမ္ဘာတစ်ဝှမ်းလုံးမှ မူဝါဒချမှတ်သူများအား နောက်ထပ် ကူးစက် ကပ်ရောဂါများ ဖြစ်နိုင်ခြေကိုလျှော့ချနိုင်ရေးအတွက် အောက်ပါတို့ကို စောလျင်စွာ ဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့ တောင်းဆိုလိုက်ပါသည်။
- အန္တရာယ်များသော တောရိုင်းတိရစ္ဆာန်စျေးကွက်များကို အထူးသဖြင့် လူနေထူထပ်သည့် မြို့ပြဧရိယာများတွင် ဦးစားပေး၍ ပိတ်သိမ်းသွားရန်၊
- တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် အန္တရာယ်မြင့်မားသော မျိုးစိတ်များ ကုန်သွယ်မှု ရပ်တန့်စေရေး အားထုတ်မှုများကို အရေးပေါ် တိုးမြှင့်ဆောင်ရွက်ရန်၊
- အန္တရာယ်မြင့်မားသော တောရိုင်းတိရစ္ဆာန် ထွက်ကုန်များနှင့် တောကောင်သားများ အပေါ် စားသုံးသူဝယ်လိုအား လျှော့ချရန် အားထုတ်မှုကို တိုးမြှင့်ဆောင်ရွက်ရန်၊
COVID-19၊ SARS နှင့် အီဘိုလာ တို့ကဲ့သို့သော ကူးစက်ရောဂါများ ပေါ်ပေါက်လာနိုင်စေသည့် အန္တရာယ်မြင့်မားသော လူသားနှင့် တောရိုင်းတိရစ္ဆာန် အပြန်အလှန် ထိတွေ့ဆက်နွယ်မှုများနှင့် ထိုသို့ ထိတွေ့ဆက်နွယ်နိုင်စေမည့် ပုံစံများသည် ကမ္ဘာအနှံ့အပြားတွင် ရောဂါဖြစ်ပွားရာ အန္တရာယ်ရှိနေရာများအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။
ကျွန်ုပ်တို့၏ အလွန်အမင်း ချိတ်ဆက်စပ်နွယ်နေသည့် မျက်မှောက်ကမ္ဘာတွင် မည်သည့်နေရာ၌မဆို ဗိုင်းရပ်စ်အသစ်တစ်မျိုး ပေါ်ပေါက်လာနိုင်ပြီး နေရာတိုင်းရှိ လူအများအပေါ် သက်ရောက်မှုရှိနိုင်သည်။ ယခုအချိန်မှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၊ မတူညီသည့် အခန်းကဏ္ဍများ၊ သိပ္ပံနည်းကျ ဘာသာရပ်ဆိုင်ရာအဖွဲ့များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုမှတစ်ဆင့် ပေါ်ပေါက်လာသည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုမျိုး နောက်ထပ်ပေါ်ပေါက်လာမှု မရှိစေရန် ဦးစားပေးဆောင်ရွက်သင့်ပြီ ဖြစ်ပါသည်။
နိုင်ငံပေါင်း 63 နိုင်ငံမှ ကျွမ်းကျင်သူနှင့် ထောက်ခံအားပေးသူပေါင်း 380 ဦးမှ လက်မှတ်ရေးထိုး
Marco Lambertini
- Director General
- WWF International
Christine Kreuder Johnson, VMD, PhD
- Professor of Epidemiology and Wildlife Health
- Current Director, PREDICT, Emerging Pandemic Threats Program
- Director, EpiCenter for Disease Dynamics
- Associate Director, One Health Institute
- VM: Medicine and Epidemiology
- School of Veterinary Medicine
- University of California
John E Scanlon AO
- Former Secretary General of CITES 2010-2018
Peter Daszak
- President
- EcoHealth Alliance
Vipat Kuruchittham, PhD
- Executive Director
- Southeast Asia One Health University Network (SEAOHUN)
Dechen Wangmo, MPH
- Health Minister
- Ministry of Health, Royal Government of Bhutan
Tuong Van Nguyen, MA
- Secretary General
- ASEAN Inter-Parliamentary Assembly (AIPA)
Vathana Thun, PhD
- President
- Prek Leap National Institute of Agriculture
- CAMBOHUN -- Cambodia One Health University Network
Olivia Swaak-Goldman
- Executive Director
- Wildlife Justice Commission
Rebecca Shaw, PhD
- Chief Scientist
- WWF
Keith Martin, MD, PC
- Executive Director
- Consortium of Universities for Global Health
David Quammen, Writer
- Author of "Spillover: Animal Infections and the Next Human Pandemic" and 15 other books.